အနေကဇာ
အနေကဇာတိ သံသာရ၊ သန္ဒာဝိ အနိဗ္ဗိသံ
ဂဟကာရံ ဂဝေသန္တာ ဒုက္ခဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဌောသိ၊ ပုနဂေဟံ နကာဟတိ၊
သဗ္ဗတေ ဖာသုတာဘဂ္ဂါ၊ ဇတကုဋံ ၀ိသင်္ခတံ။
ဝိသင်္ခါ ဂတံ စိတံ၊ တဏှာနံ ခယမဇ္ဈုဂါ။
ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ ယောနိလေးတွေ လှည့်ပတ်ဖွေလျှက်
သန္ဓေစွဲမှီတည်နေဖြစ်ပွားရခြင်းသည် သန္ဓေဇာတိခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏတို့မကွာ နောက်ဆက်ဝင်နှိပ်စက်သဖြင့် သက်သက်လျမ်သာ မဟုတ်ပါဘဲ လွန်စာညှိုးနွမ်း ပင်ပန်းဆင်းရဲလှဘိ၏။ ဘုရာ့အချာ သူမြတ်ပါသည် ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို အကြိမ်ကြိမ်ကြိုးကုတ်တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောကျာ်းလက်သမားကို လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေ(၀ါ)စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည် တဏှာယောက်ျားလက်သမားကို ပိုင်းခြားထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာညဏ်မဟာကို သမ္ဘနုကွေး ငါမရသေးသည်ဖြစ်၍(၀ါ) ငါမရသေးသောကြောင့် ဘ၀များစွာ သံသရာကာပတ်လုံး ခန္ဓာငှားလျက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာ ၀ဋ်ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးလွှားကျင်လည်ခဲ့ရလေပြီ။
ဒုက္ခယှက်လိမ်ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျားဟယ် လက်သမား။ ဘုရားဖြစ်လာ ယခုအခါ၌ သင်တဏှာယောက်ျားသည်လက်သမားကို သဗ္ဗညုတဥာဏ်ကိုရသဖြင့် ဒိဋ္ဌိထင်ထင် ပါမြင်အပ်သည်ဖြစ်ပေ၏။
သင်တဏှာ ယောကျာ်းလက်သမားသည် ဒုက္ခယှပ်လိမ် ခန္ဓာအိမ်ကို အတ္တဘောတည်းဟူသော အိမ်ကို နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုသည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တစ်ဖန်ထပ်ဆောက် နင်ဆာက်နိုင်တော့မည် မဟုတ်ချေ။ သင်တဏှာယောက်ျားလက်သမား၏ တစ်ခုမ<ကင်း ခပင်းဥဿုံ အလုံးစုံကုန်သော အခိုင်အမာ တည်ဆောက်ခန္ဓာ အိမ်တည်းဟူသော ဘုံကွန်းပျောက်၏ ထုတ်လျှောက် ဒိုင်းမြှားကိလေသာတရားတို့ကို ၀ါသနာအငွေ့အသင်နှင့်တကွ မနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ချိုးဖိတ်အပ်ကုန်သည်။ သစ္စာလေးဟန် နိဗ္ဗာန်လွင်ကို မြင်ခွင့်မပေး ဝေးသထက် ဝေးအောင် အရေးကန့်လန့်တား ပိတ်ကာ အ၀ိဇ္ဇာတည်းဟူသော အိမ်ကို အိမ်၏ အထွဋ်ကို မှုန့်မှုန့်ကြေမွ ပါဖျက်ချလေပြီ။ ကိလေသာဟူ မြူအညစ်အကြေး က်ငးဝေးဖြူလွင် ငါဘုရား
စိတ်အစဉ်သည် သင်္ခါရစက်ကွင်းဒုက္ခာရစက်ဒုက္ခခပင်းမှ လွတ်ကင်းရာမှန် နန်းနိဗ္ဗာန်သို့ အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက်သက်ဝင်မိလေပြီ။ သုံးလောကထွဋ်ထား ငါဘုရားသည် တဏှာတရား ရပ်ပြစ်ရှစ်ပါး၏ ပျက်ပြား ကုန်ခန်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့ စက္က၀ါရိုက်ချောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းကင်သာလျက် ကြည်သာဝမ်းမြောက် ငါဆိုက်ရောက်ခဲ့လေပြီ။
Friday, December 15, 2006
Subscribe to:
Post Comments (Atom)
No comments:
Post a Comment